Notebook ၀ယ်ယူသည့်အခါ ဈေးနှုန်းအနည်းအများပေါ်မှာမူတည်ပြီး မ၀ယ်ယူသင့်ဘဲ မိမိအသုံးပြုမည့်အခြေအနေအတိုင်းအတာပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူသင့်ကြောင်းသိရသည်။ ၀ယ်ယူသုံးစွဲသူများအနေဖြင့် မိမိ၏လို အပ်ချက်နဲ့ကိုက်ညီမှုရှိသည့် Specification ကို စီစစ်ပြီးမှာ ၀ယ်ယူသုံးစွဲသင့်ကြောင်းသိရသည်။ ထို့ပြင်အသုံးပြုနိုင်သော တန်ဘိုးပမာဏနှင့်သင့်လျှော်သည့် Notebook အမျိုးအစားကိုရွေးချယ်သင့်ပြီး Warranty အများဆုံးပေး သည့် Brand အမျိုးအစားကို ၀ယ်ယူအသုံးပြုသင့်ကြောင်းသိရသည်။
“Notebook“ ၀ယ်ယူရာမှာ ဈေးအနည်းအများပေါ်မှာမဆုံးဖြတ်ဘဲ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီမည့်မော်ဒယ်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ကိုယ်ကစာရင်းဇယားကိုသုံးဖို့ အဓိက၀ယ်တာဆိုရင် LCD Screen အရွယ်အစားကြီးတာနဲ့ Numerical Keypad ပါတာကိုရွေးချယ်သင့်ပါတယ်။
0 comments